ဖိလိပ္ပိ 2:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ယေရှုခရစ်တော်သည် မိမိ၌ ဘုရားသခင်၏ အသွင်သဏ္ဌာန်တော်ရှိသော်လည်း ထိုသို့ဘုရားသခင်နှင့် တန်းတူဖြစ်ခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုရမည်ဟု မှတ်ယူတော်မမူဘဲ Ver CapítuloCommon Language Bible6 ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။ Ver CapítuloGarrad Bible6 ထို အ ရှင် သည် ဘု ရား သ ခင့် သ ဏ္ဌာန် တော် ရှိ လျက် ဘု ရား သ ခင် နှင့် ဂုဏ် ရည် တူ ခြင်း ကို ခင် မင် ရာ ဟု မ မှတ် ဘဲ ထို သ ဏ္ဌာန် တော် ကို ပယ် ပြီး လျင်၊ Ver CapítuloJudson Bible6 ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း6 ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ Ver Capítulo |
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။