ဖိလိပ္ပိ 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။ Ver CapítuloCommon Language Bible6 သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။- Ver CapítuloJudson Bible6 သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း6 သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။ Ver Capítulo |
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။