တမန်တော်ဝတ္ထု 28:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ်တို့ရောက်လာမည့်အကြောင်းကိုကြားသဖြင့် တချို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သောအရပ်တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည် ထိုသူတို့ကို တွေ့မြင်သောအခါ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အားတက်လေ၏။ Ver CapítuloCommon Language Bible15 ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။ Ver CapítuloGarrad Bible15 မြို့ တော် နေ ညီ အစ် ကို များ ငါ တို့ လာ ကြောင်း ကြား သိ သည့် ကာ လ၊ အ ပ္ပိ ဖော ရုံ မြို့ နှင့် တြိ တ ပယ် ရ နေ မြို့ ရောက် ခ ရီး ဦး ကြို လာ ကြ သည့် အ တိုင်း ပေါ လု တွေ့ သော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၍ စိတ် အေး လေ၏။ Ver CapítuloJudson Bible15 ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း15 ငါတို့အကြောင်းကိုကြားသော ညီအစ်ကိုတို့သည် ငါတို့နှင့်တွေ့ဆုံရန် ရောမမြို့မှ အပ္ပိအရပ်နှင့် ဧည့်ရိပ်သာသုံးဆောင်ဟုခေါ်သောအရပ်တိုင်အောင် လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်ကိုကျေးဇူးတင်လျက် အားတက်လာလေ၏။ Ver Capítulo |