Biblia Todo Logo
La Biblia Online

- Anuncios -




တမန်တော်ဝတ္ထု 23:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ဂျူးလူမျိုးများ​က မည်သည့်​ပြစ်မှု​ဖြင့် စွပ်စွဲသည်​ကို အကျွန်ုပ်​သည်​သိလို​သောကြောင့် သူ့​ကို သူတို့​၏​တရားလွှတ်တော်​အစည်းအဝေး​သို့ ခေါ်ဆောင်သွားပါ၏။

Ver Capítulo Copiar

Common Language Bible

28 အ​ကျွန်ုပ်​သည်​သူ့​အား​ယု​ဒ​အ​မျိုး​သား​တို့ အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​ကြောင်း​ကို​သိ​လို သ​ဖြင့် သူ​တို့​၏​တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင် သွား​ပါ​၏။-

Ver Capítulo Copiar

Garrad Bible

28 ထို နောက် သူ့ ကို မည် သို့ စွဲ ဆို ကြ ကြောင်း သိ လို၍ သူ တို့ လွှတ် တော် သို့ ခေါ် သွင်း ရာ၊

Ver Capítulo Copiar

Judson Bible

28 ယု​ဒ​လူ​တို့​သည် အ​ဘယ်​အ​ပြစ်​ကြောင့် သူ​နှင့် အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​လို​သော​ကြောင့်၊ သူ့​ကို​ယူ၍ လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-

Ver Capítulo Copiar

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သူ​တို့​သည် မည်သည့်​ပြစ်မှု​ဖြင့် သူ့​ကို​စွဲဆို​ကြ​ကြောင်း​သိ​လို​၍ သူ​တို့​၏​တရား​လွှတ်တော်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​ခဲ့​ရာ

Ver Capítulo Copiar




တမန်တော်ဝတ္ထု 23:28
4 Referencias Cruzadas  

သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ တစ်စုံတစ်ဦး​အပေါ် အမျက်ဒေါသထွက်​သူ​သည် အပြစ်​စီရင်​ခံရမည်။ တစ်စုံတစ်ဦး​ကို အသုံးမကျသော​သူ​ဟု ပြောဆို​လျှင် တရားလွှတ်တော်​၌ အပြစ်ပေး​ခံရမည်။ တစ်စုံတစ်ဦး​ကို အရူး​ဟု ခေါ်ဆို​လျှင် သူ​သည် ငရဲ​သို့​ချ​ခံရမည်။


တပ်မှူးကြီး​က ပေါလု​သည် အဘယ်ကြောင့် ဂျူးတို့​၏​စွပ်စွဲခြင်း​ခံနေရသည်​ကို အတိအကျ​သိလို၏။ ထို့ကြောင့် နောက်​တစ်နေ့​တွင် ပေါလု​ကို အချည်အနှောင်​မှ ဖြေပေး​၍ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် တရားလွှတ်တော်​အဖွဲ့ဝင်တို့​ကို စည်းဝေး​ရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလု​ကို ခေါ်ဆောင်လာ​၍ ထို​သူတို့​ရှေ့​၌ ထားလေ၏။


ပေါလု​သည် တရားလွှတ်တော်​အဖွဲ့ဝင်များ​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကိုတို့… ကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့တော်​၌ လိပ်ပြာသန့်​စွာ အသက်ရှင်သည်” ဟု ဆို၏။


ငြင်းခုံမှု​ပို၍​ပြင်းထန်လာ​သဖြင့် တပ်မှူးကြီး​က ပေါလု​အပိုင်းပိုင်း​ဆွဲဖြတ်ခံရမည်​ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူ​က “ပေါလု​ကို သူတို့​ထံမှ အတင်း​ခေါ်ဆောင်လာ​၍ စခန်း​အတွင်း​သို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများ​အား အမိန့်ပေးလေ၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos