ကောလောသဲ 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 အဘယ်ကြောင့်ဆိုသော် သားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ ရှိသော မျက်စိဖြင့် မြင်ရသောအရာ၊ မမြင်ရသောအရာဟူသမျှ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးပိုင်ခွင့်ဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ အရာအားလုံးတို့ကို ဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။ အရာအားလုံးသည် ထိုသားတော်အတွက်လည်းကောင်း၊ ထိုသားတော်အားဖြင့်လည်းကောင်း ဖန်ဆင်းခံကြရ၏။ Ver CapítuloCommon Language Bible16 အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။- Ver CapítuloGarrad Bible16 နတ် ဘု ရင် များ၊ နတ် မင်း များ၊ အုပ် စိုး ရှင် များ၊ အာ ဏာ ရှင် များ မှ စ၍ ကောင်း ကင် နှင့် မြေ ကြီး ရှိ ရူ ပ၊ အ ရူ ပ အ ရာ ခပ် သိမ်း ကို ကိုယ် တော်၌၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖန် ဆင်း၍ ထား တော် မူ၏။ Ver CapítuloJudson Bible16 အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း16 အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။ Ver Capítulo |
သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ နတ်မင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ မည်သည့်ဖန်ဆင်းခံကမျှ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။