သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
တမန်တော်ဝတ္ထု 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားတချို့နှင့် ဂျူးတို့သည် သူတို့၏အာဏာပိုင်များနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်ရန် ကြံစည်အားထုတ်ကြ၏။ Common Language Bible ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။- Garrad Bible လူ မျိုး ခြား တို့ နှင့် ယု ဒ လူ မျိုး တို့ သည် အ ရာ ရှိ တို့ ပါ ညှဉ်း ပန်း ပစ် ခတ် ရန် တိုင် ပင် ကြံ စည် ကြ သည် ကို ပေါ လု နှင့် ဗာ န ဗ တို့ သိ သော်၊ Judson Bible မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တစ်ဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားများနှင့်ဂျူးလူမျိုးတို့သည် သူတို့၏အကြီးအကဲများနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ခဲနှင့်ပေါက်သတ်ရန် ကြံစည်အားထုတ်ကြသောအခါ |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
သင်တို့ကို ကျိန်ဆဲသောသူတို့အတွက် ဆုတောင်းမေတ္တာပို့ကြလော့။ သင်တို့ကို နိုင်ထက်စီးနင်းပြုသောသူတို့အတွက် ဆုတောင်းပေးကြလော့။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။
သို့သော် ဂျူးလူမျိုးတချို့သည် မနာလိုသဖြင့် ဈေးအရပ်များရှိ ဆိုးသွမ်းသူများကို စုစည်း၍ မြို့ထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်စေကြ၏။ ယာသုန်၏အိမ်ကိုလည်း နိုင်ထက်စီးနင်းပြု၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲခေါ်လာရန် ရှာဖွေကြလေ၏။
မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။