ဟေရုဒ်မင်းသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများအားလုံးကို စုဝေးစေ၍ “ခရစ်တော်သည် မည်သည့်အရပ်တွင် မွေးဖွားလာမည်နည်း” ဟု မေးလေ၏။
ရှင်ယောဟန် 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများသည် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာကာ လူတို့ရှေ့တွင် ထားကြ၏။ ထိုအမျိုးသမီးသည် အိမ်ထောင်ရေးဖောက်ပြန်နေစဉ် အဖမ်းခံရခြင်းဖြစ်၏။ Common Language Bible ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် အမျိုးသမီးတစ်ယောက်ကိုအထံတော်သို့ ခေါ်ခဲ့ကြ၏။ သူသည်မျောက်မထားနေစဉ် အဖမ်းခံရခြင်းဖြစ်၏။ ကျမ်းတတ်ဆရာ များနှင့်ဖာရိရှဲတို့သည်အမျိုးသမီးကို မိမိတို့ရှေ့တွင်ရပ်စေပြီးလျှင်၊- Garrad Bible ထိုအခါ မျောက်မထားမှုပြုနေစဉ်တွေ့မိသောမိန်းမတစ်ယောက်ကို ကျမ်းတတ်ဆရာနှင့် ဖာရိရှဲတို့ခေါ်ခဲ့လျက် အလယ်တွင်ထားပြီးမှ၊ Judson Bible မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင် မြန်မာ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊- |
ဟေရုဒ်မင်းသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများအားလုံးကို စုဝေးစေ၍ “ခရစ်တော်သည် မည်သည့်အရပ်တွင် မွေးဖွားလာမည်နည်း” ဟု မေးလေ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ယေရှုသည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် ထိုင်တော်မူပြီးလျှင် သူတို့ကို သွန်သင်တော်မူ၏။
ထိုသူတို့က “ဆရာတော်… ဤအမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်တွင်ပင် အကျွန်ုပ်တို့သည် သူ့ကို ဖမ်းမိပါ၏။
ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။
တမန်တော်တို့ကို သူတို့အလယ်၌ ရပ်စေပြီးသောအခါ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သည့် အမည်နာမအားဖြင့် ဤအမှုကို ပြုသနည်း” ဟု မေးမြန်းကြ၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်စဉ် အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ပါက သူသည် အိမ်ထောင်ရေးဖောက်ပြန်၏။ သို့သော် ခင်ပွန်းကွယ်လွန်သွားပါက သူသည် ထိုပညတ်တရားနှင့် ကင်းလွတ်၍ အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်လျှင်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာမရောက်ချေ။