Aanlyn Bybel

- Advertensies -


মার্ক 1 - Marma


ရီနှစ်မင်္ဂလာပီးသူ ယောဟန် ဟောပြောခြင်း

1 ယေရှုခရစ်တော်၏ အကြောင်း သတင်းကောင်း အစ ဖြစ်တေ။ သူစာ ထာဝရဘုရား၏ သားတော် ဖြစ်တေ။

2 ဘုရားသတင်းပို့သူ ဟေရှာယ၏ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “နားထောင်၊ ငါ နင့် ရှိက ငါ့မာ သတင်းပို့သူတစ်ယောက်ကို ရွှတ်လိုက်ဖို့၊ သူစာ နင် လားဖို့စာလမ်းကို အဆင်သင့် လုပ်လိမည်။

3 သဲကန္တာရတောပြင်မာ လူတစ်ယောက် အော်ရို့ ဟောပြောနီရေ၊ ‘နင်ရို့ အသျှင်၏ လမ်းကို အဆင်သင့် လုပ်ကတ်၊ အရာ သူ၏ လမ်းကို ပပြောင့် လုပ်ကတ်။’”

4 ကျမ်းစာမာ ရွီးရို့ ဟိစာပိုင်တထန် ရီနှစ်မင်္ဂလာပီးသူ ယောဟန်စာ သဲကန္တာရတောပြင်မာ ရီဟိစာနေရာတို့ လားရို့ လူရို့ကို ရီနှစ်မင်္ဂလာ ပီးနီလီရေ။ အရာ သူစာ ဒေပိုင် ဟောပြောရို့နီလီရေ၊ “ကိုယ်ဘင်ရို့ အပြစ် ခွင့်ရွှတ်ခြင်းကို ရဖို့အတွက် စိတ်လှည့်ရို့ လာကတ်ဖိ အရာ ရီနှစ်မင်္ဂလာ ခံယူကတ်ဖိ။”

5 ယင်းခါ ယုဒပြည်နယ်န ယေရုရှလင်မြို့က ဟိသမျ လူရို့စာ ယောဟန်တို့ လာကတ်လီရေ။ သူရို့စာ ကိုယ်ရို့မာ အပြစ်တိကို ဝန်ခံလီရေခါ ယောဟန်စာ သူရို့ကို ယော်ဒန်ချောင်းမာ ရီနှစ်မင်္ဂလာ ပီးလီရေ။

6 ယောဟန်စာ ကုလားအုပ်အမွီးန ရက်စာ အဝတ်ကို ဝတ်ရို့ နီလီရေ၊ သရီခါးပန်းကို ပန်းရို့ နီလီရေ အရာ သူစာ နှံကောင်န တောပျားရည်ကို စားသောက်ရို့ နီလီရေ။

7 သူစာ ဒေပိုင် ဟောပြောလီရေ၊ “ငါ့နောက်က ကြွလာဖို့သူစာ ငါ့ထက် ကြီးမြတ်တေ။ သူ့အခြီမာစီးစာ ဖနပ်ကြိုးကို ငါ ငုံ့ရို့ ဖြီဖို့ပင် မထိုက်တန်။

8 ငါ နင်ရို့ကို ရီမာ ရီနှစ်မင်္ဂလာ ပီးနီရေ၊ ယေကေလည်း ထိုအသျှင်စာ နင်ရို့ကို သန့်ရှင်းသောဝိညာဉ်တော်န ရီနှစ်မင်္ဂလာ ပီးလိမည်။”


ယေရှု ရီနှစ်မင်္ဂလာ ခံယူခြင်း
( မဿဲ ၃:၁၃-၁၇ ၊ လုကာ ၃:၂၁-၂၂ )

9 ယင်းအချိန်ခါ ယေရှုစာ ဂါလိလဲပြည်နယ် နာဇရက်မြို့သျှေက ကြွလာလီရေ အရာ ယောဟန်စာ သူ့ကို ယော်ဒန်ချောင်းမာ ရီနှစ်မင်္ဂလာ ပီးလီရေ။

10 ယေရှု ရီက ထရေချက်ချင်း ဂေါင်းခင် ပွင့်လားခစာန သန့်ရှင်းသောဝိညာဉ်တော် ခေါ်အရုပ်ပိုင် ကိုယ့်တို့ ဆင်းလာစာကို မြင်လီရေ။

11 ယင်းခါ ဂေါင်းခင်ဘုံက ဒေပိုင် စကားပြောသံကို ကြားရလီရေ၊ “နင် ငါ့အချစ်သား ဖြစ်တေ၊ ငါ နင့်ကို ကောင်းကောင်း နှစ်သက်တေ။”


ယေရှုကို အပြစ်မာ ချဖို့ ကြိုုးစားခြင်း
( မဿဲ ၄:၁-၁၁ ၊ လုကာ ၄:၁-၁၃ )

12 ယင်းနောက် သန့်ရှင်းသောဝိညာဉ်တော်စာ ယေရှုကို သဲကန္တာရတောပြင်တို့ ဆောင်ယူလားခလီရေ။

13 ထိုသဲကန္တာရတောပြင်မာ မာရ်နတ်စာ ယေရှုကို ရက်ပေါင်း လေးဆယ်ပတ်လုံး အပြစ်မာ ချဖို့ ကြိုးစားလီရေ။ ယင်းနေရာမာ တောတိရစ္ဆာန် အများကြီး ဟိလီရေ အရာ ဂေါင်းခင်နတ်သားရို့စာ ယေရှုကို ကျွေးမွေးပြုဇုကတ်လီရေ။


ယေရှု သာသနာပြုဖို့ စခြင်း
( မဿဲ ၄:၁၂-၁၇ ၊ လုကာ ၅:၁-၁၁ )

14 ယောဟန် ထောင်ထဲတို့ ရောက်လားခပြီးရေနောက် ယေရှုစာ ဂါလိလဲပြည်နယ်တို့ ကြွလီရေ။ အရာ သူစာ ယင်းနေရာမာ ထာဝရဘုရား၏ သတင်းကောင်းကို ဒေပိုင် ဟောပြောလီရေ၊

15 “အချိန် ကျဗျာ၊ ထာဝရဘုရား၏ နိုင်ငံတော် အပါးမာ ရောက်နီဗျာ။ ကိုယ်ဘင်ရို့ အပြစ်က စိတ်လှည့်ရို့ လာကတ်ဖိ အရာ ဒေ သတင်းကောင်းကို ကျုံကတ်ဖိ။”


ပထမ တပည့် ရွီးကောက်ခြင်း
( မဿဲ ၄:၁၇-၂၂ ၊ လုကာ ၅:၁-၁၁ )

16 တစ်ရက်နိ ယေရှုစာ ဂါလိလဲမြစ်ကမ်းနားအနှူး သျှောက်ရို့ ကြွလီရေ။ ယင်းခါ သူစာ ရှိမုန်န သူ့မာ ညီအန္ဒြေကို မြစ်မာ ပိုက်တန်းရို့ တွိလီရေ၊ အကြောင်းကား သူရို့ နှစ်ယောက်စာ ပိုက်သမား ဟိကတ်လီရေ။

17 ယေရှုစာ သူရို့ကို ပြောလီရေ၊ “ငါ့နောက်က လိုက်ကတ်။ ငါ နင်ရို့ကို လူဆွယ်သမား ပိုက်သေ လုပ်မည်။”

18 ယင်းခါ ချက်ချင်း သူရို့စာ ပိုက်တိကို ထားဘိုက်ခရို့ ယေရှု နောက်က လိုက်ကတ်လီရေ။

19 ယင်းနောက် သူစာ ယင်းနေရာကနီရို့ အရာတစ်ဖဲ့ ရှိတို့ ကြွရေခါ ဇေဗေဒဲသား ယာကုပ်န ယောဟန် ညီအစ်ကို နှစ်ယောက်ကို တွိလီရေ။ ယင်းခါ သူရို့စာ လောင်းမာ ထိုင်ရို့ ပိုက်ကို အဆင်သင့် လုပ်ရို့ ဟိကတ်လီရေ။

20 ယေရှုစာ သူရို့ကို မြင်ရေချက်ချင်း ခေါ်လီရေ၊ အရာ သူရို့စာ ကိုယ်ရို့မာ အဖဇေဗေဒဲကို အငှားသားရို့နအတူ လောင်းမာ ထားဘိုက်ခရို့ ယေရှု နောက်က လိုက်ကတ်လီရေ။


နတ်ဆိုးကိုင်သူတစ်ယောက် အကောင်းဖြစ်ခြင်း
( လုကာ ၄:၃၁-၃၇ )

21 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ကပေရနောင်မြို့သျှေတို့ ကြွလီရေ။ ယင်းနောက် သူစာ သတင်းနိမာ တရားဇရပ်တို့ ကြွရို့ သွန်သင်ပီးလီရေ။

22 ယေရှု၏ သွန်သင်ချက်ကို ကြားရို့ လူရို့ အံ့ဩကတ်လီရေ၊ အကြောင်းကား သူစာ ကျမ်းဆရာရို့ပိုင် သွန်သင်ပီးလီစာ မဟုတ်၊ ယေကေလည်း အခွင့်အာဏာဟိသူတစ်ယောက်ပိုင် သွန်သင်ပီးလီစာ ဖြစ်တေ။

23 ယင်းခါ နတ်ဆိုးကိုင်သူတစ်ယောက် တရားဇရပ်မာ ဟိလီရေ။

24 သူစာ အော်ရို့ ပြောလီရေ၊ “အိုး နာဇရက်မြို့သျှေသား ယေရှု၊ ကိုယ်ဘင် အကျွန်ရို့န ဇာ ဆိုင်ပါစာလည်း? ကိုယ်ဘင် အကျွန်ရို့ကို ဖျက်စီးဖို့ လာပါစာလော? ကိုယ်ဘင် အသူလည်းဆိုစာကို အကျွန် သိပါရေ။ ကိုယ်ဘင် အမှန် ထာဝရဘုရား၏ သန့်ရှင်းသူတစ်ပါး ဖြစ်ပါရေ။”

25 ယင်းခါ ယေရှုစာ နတ်ဆိုးကို ဟောက်ရို့ ပြောလီရေ၊ “တိန်းရို့ နီ! ဒေသူခန္ဓာက ထွက်လားလီ!”

26 ယင်းခါ နတ်ဆိုးစာ ထိုလူကို ပပြန်းတုန်အောင် လုပ်ဘိုက်ခပြီးကေ အားန အော်ရို့ သူ့ခန္ဓာက ထွက်လားခလီရေ။

27 ထိုအကြောင်းအရာကို မြင်ရို့ လူရို့စာ အံ့ဩရို့ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ဒေ အခြင်းအရာကား ဇာလည်း? ဒေ သွန်သင်ချက်အသစ် ဇာပိုင်လည်း? ဒေသူ ပိုင်ဆိုင်ခွင့် အပြည့်န သွန်သင်ပီးရေကား! ဒေသူ နတ်ဆိုးတိကို အာဏာချရေဆိုကေ နတ်ဆိုးတိလည်း သူ့စကားကို နားထောင်ဖို့ ကျကတ်တေကား!”

28 ယင်းခါ ယေရှု၏ သတင်းစာ ဂါလိလဲပြည်နယ် တစ်လုံးမာ အယင်အမြန် ပြန့်ကျယ်လီရေ။


ရောဂါသေ အများကြီး အကောင်းဖြစ်ခြင်း
( မဿဲ ၈:၁၄-၁၇ ၊ လုကာ ၄:၃၈-၄၁ )

29 ယင်းနောက် ယေရှုစာ တရားဇရပ်က ထွက်ရို့ ရှိမုန်န အန္ဒြေ အိမ်တို့ ကြွလီရေ။ ယင်းခါ ယာကုပ်န ယောဟန်လည်းသောက် သူရို့နအတူ ပါကတ်လီရေ။

30 ရှိမုန် ယောက္ခမအမသူစာ အဖျားကြီးတက်ရို့ ဟိလီရေ။ ယင်းအတွက်န သူစာ အိပ်ရာမာ လဲရို့ ဟိလီရေ။ ယေရှု ရောက်လာရေ ချက်ချင်း ရှိမုန် ယောက္ခမအမသူ ဖျားစာ အကြောင်းကို သူရို့စာ ယေရှုဘားမာ ပြောပြကတ်လီရေ။

31 ယင်းခါ ယေရှုစာ သူ့အနားတို့ လားရို့ သူ့အလက်ကို ကိုင်ရို့ ထူလီရေ။ ယေရှု သူ့အလက်ကို ကိုင်ရေချက်ချင်း သူ့မာ အဖျား ဆုတ်လားခလီရေ အရာ သူစာ ဧည့်သေရို့ စားသောက်ဖို့အတွက် စီစဉ်လီရေ။

32 ယင်းနိ နီဝင်လာရေခါ လူရို့စာ ဟိသမျ ရောဂါသေရို့န နတ်ဆိုးကိုင်သူရို့ကို ယေရှုတို့ ယူလာကတ်လီရေ။

33 အရာ ကပေရနောင်မြို့သျှေမာ ဟိသမျ လူရို့စာ ရှိမုန် ယောက္ခမအမသူ အိမ်လမ်းခဝမာ လာရို့ စုကတ်လီရေ။

34 ယင်းခါ ယေရှုစာ အမျိုးမျိုး ရောဂါသေရို့ကို အကောင်း လုပ်လီရေ အရာ နတ်ဆိုးကိုင်သူရို့ ခန္ဓာက နတ်ဆိုး အများကြီး နှင်ထုတ်လီရေ။ ထိုနတ်ဆိုးတိစာ ယေရှု အသူလည်းဆိုစာကို သိလီကတ်တေ။ ယင်းအတွက်န သူစာ နတ်ဆိုးတိကို စကားပြောဖို့ မပီးလီ။


ဂါလိလဲပြည်နယ်မာ လည်ရို့ တရားဟောခြင်း
( လုကာ ၄:၄၂-၄၄ )

35 နောက်တစ်ရက်နိ မိုးမလင်းခင်အယင်က ယေရှုစာ အိပ်ရာက ထလီရေ အရာ သူစာ တတိန်းဆဆိတ် နေရာတစ်ခုတို့ ကြွရို့ ဆုတောင်းနီလီရေ။

36 ယင်းခါ ရှိမုန်န သူ့အဖက်သားရို့စာ ယေရှုကို လိုက်ရို့ ရှာကတ်လီရေ။

37 သူရို့စာ ယေရှုန တွိကတ်တေခါ ပြောကတ်လီရေ၊ “ကိုယ်ဘင်ကို အားကုံးသူ ရှာနီကတ်ပါရေ။”

38 ယေကေလည်း ယေရှုစာ သူရို့ကို ပြောလီရေ၊ “လား၊ ငါရို့ အပါးနီးဝန်းကျင်မာဟိစာ ရွာတိတို့ လားကတ်မည်၊ ငါ ထို ရွာတိမာ တရားဟောပြောဖို့ဗျာ၊ အကြောင်းကား ငါ သူရို့ဘားမာ တရားဟောပြောဖို့အတွက်နရာ လာစာ ဖြစ်တေ။”

39 ယင်းအတွက်န ယေရှုစာ ဂါလိလဲပြည်နယ် တစ်လုံးမာဟိစာ ယုဒလူမျိုးရို့ တရားဇရပ်တိမာ လည်ရို့ တရားဟောပြောလီရေ အရာ နတ်ဆိုးတိကို နှင်ထုတ်လီရေ။


အနူရောဂါသေ အကောင်းဖြစ်ခြင်း
( မဿဲ ၈:၁-၄ ၊ လုကာ ၅:၁၂-၁၆ )

40 ယင်းနောက် အနူရောဂါသေတစ်ယောက်စာ ယေရှုတို့ လာရို့ သူ့ရှိက ဒူးထောက်ပြီးကေ ပြောလီရေ၊ “အသျှင်၊ ကိုယ်တော် လိုရေဆိုကေ အကျွန့်ကို သန့်စင်အောင် လုပ်နိုင်ပါရေ။”

41 ယင်းခါ ယေရှုစာ သူ့ကို ကောင်းကောင်း သနားလီရေ။ အရာ သူစာ ရောဂါသေကို ကိုင်ရို့ ပြောလီရေ၊ “ဟုတ်တေ၊ ငါ လိုရေ။ နင် သန့်စင်စီ။”

42 ယေရှု ပြောရေချက်ချင်း သူ့မာ အနူရောဂါစာ ကောင်းလားခလီရေ။

43-44 ယေရှုစာ သူ့ကို ဒေပိုင် တတင်းရရင်း ဟန့်ရို့ ချက်ချင်း ရွှတ်လိုက်လီရေ၊ “နားထောင်၊ ဒေ အကြောင်းအရာကို တစ်ယောက်ဘားမာလည်း မပြောလီကေ့။ ယင်းထက်ပင် နင် ယဇ်ပုရောဟိတ်တို့ လားရို့ နင့် ခန္ဓာကို ပြခီ အရာ နင် သန့်စင်ဖို့အတွက် မောရှေ၏ ပညှတ်ချက်အတိုင်း ထာဝရဘုရားဘားမာ ယဇ်ပူဇော်ခီ။ ယင်းပိုင်ဆိုကေ နင့်မာ ရောဂါ ကောင်းလားခဗျာဆိုစာကို ယဇ်ပုရောဟိတ်ရို့ သိရကတ်လိမည်။”

45 ယေကေလည်း ထိုလူစာ ပြင်တို့ ထွက်လားခပြီးကေ ဟိသမျ နေရာမာ လည်ရို့ ကိုယ့်ရောဂါကောင်းလားခစာ အကြောင်းကို ပြောပြလီရေ။ ယင်းအတွက်န ယေရှုစာ တစ်ရွာတို့လည်း လူသိလူမြင် ကြွဖို့ မရလီဗျာ။ ယေရှုစာ တတိန်းဆဆိတ် နေရာတို့ ကြွရို့ နီဖို့ကျလီရေ။ ယေကေလည်း ဟိသမျ နေရာက လူရို့စာ ယေရှုကို ရှာရို့ လာကတ်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Volg ons:



Advertensies