Aanlyn Bybel

- Advertensies -


ইব্রীয় 1 - Marma


ထာဝရဘုရား၏ သားတော် အားကုံးသူထက် ကြီးမြတ်ခြင်း

1 အယင်ကခါ ထာဝရဘုရားစာ ကိုယ့်ဘုရားသတင်းပို့သူရို့ကနီရို့ အခါပေါင်းများစွာ အမျိုးမျိုးပိုင် ငါရို့ အဖိုးအဖီးအစိုင်လာရို့န စကား ပြောလီရေ။

2 ယေကေလည်း ဒေဂု ဒေ နောက်ဆုံးကာလမာ ထာဝရဘုရားစာ ကိုယ့်သားတော်ကနီရို့ ငါရို့န စကား ပြောလီရေ။ ထာဝရဘုရားစာ ကမ္ဘာမာ ဟိသမျ အားကုံးကို သားတော်ကနီရို့ ဖန်ဆင်းလီရေ အရာ သူစာ ကိုယ့်သားတော်ကို ဟိသမျ အားကုံးကို ပိုင်ဆိုင်ဖို့အတွက် ရွီးကောက်လီရေ။

3 ထိုသားတော်စာ ထာဝရဘုရား၏ ဘုန်းတန်ခိုးန အကျင့်ဇာရိတကို ဖေါ်ပြရေ။ ထိုသားတော်၏ စကားတော်စာ တန်ခိုးန ပြည့်စုံရေ။ သူစာ ကိုယ့်စကားတော်န ဟိသမျ အားကုံးကို တည်မြဲအောင် လုပ်ထားရေ အရာ သူစာ လူရို့ အပြစ်ကို ခွင့်ရွှတ်ဖို့အတွက် အစီစဉ် လုပ်ပြီးရေနောက် ဂေါင်းခင်ဘုံမာ မြင့်မြတ်စာ ထာဝရဘုရား၏ ညာဖက်က ထိုင်လီရေ။


ဂေါင်းခင်နတ်သားရို့ထက် ယေရှု ကြီးမြတ်ခြင်း

4 ယင်းအတွက်န သားတော်စာ ဂေါင်းခင်နတ်သားရို့ထက် ကောင်းကောင်း ကြီးမြတ်တေ။ ယင်းပိုင်တထန် သားတော်မာ ထာဝရဘုရားက ရစာနာမည်စာ ဂေါင်းခင်နတ်သားရို့ နာမည်ထက် ကြီးမြတ်တေ။

5 ထာဝရဘုရား တစ်ခါပင် ဂေါင်းခင်နတ်သား တစ်ပါးကိုလည်း ဒေပိုင် မပြောလီသိ၊ “နင် ငါ့သား ဖြစ်တေ၊ ဒေနိကပင် ငါ နင့်အဖ ဖြစ်ပျာ။” အရာတစ်ပြန် ဒေပိုင် မပြောလီသိ၊ “ငါ သူ့မာ အဖ ဖြစ်ဖို့၊ သူလည်း ငါ့သား ဖြစ်လိမည်။”

6 ထာဝရဘုရားစာ ကိုယ့်မာ သားဦးကို ဒေ လောကတို့ ရွှတ်ဖို့ခါ ပြောလီရေ၊ “ထာဝရဘုရား၏ ဟိသမျ ဂေါင်းခင်နတ်သားရို့ သူ့ကို ကိုးကွယ်ကတ်။”

7 ထာဝရဘုရားစာ ဂေါင်းခင်နတ်သားရို့ အကြောင်းကို ပြောလီရေ၊ “ငါ ကိုယ့်ဂေါင်းခင်နတ်သားရို့ကို လီပိုင် ဖြစ်စီရေ၊ အရာ ငါ ကိုယ့်ကျွန်ရို့ကို မီးညွန့်ပိုင် ဖြစ်စီရေ။”

8 ယေကေလည်း ထာဝရဘုရားစာ ကိုယ့်သားတော် အကြောင်းကို ပြောလီရေ၊ “အိုး ထာဝရဘုရား၊ ကိုယ်တော်၏ နိုင်ငံတော်စာ တစ်ခါလည်း ဆုံးလိမည် မဟုတ်ပါ။ အရာ ကိုယ်တော်စာ ကိုယ့်နိုင်ငံတော်ကို တရားသဖြင့် အုပ်ချုပ်နီပါရေ။

9 ကိုယ်တော်စာ ရိုးသားစာကို နှစ်သက်ပါရေ အရာ ဆိုးယုတ်စာကို မုန်းပါရေ။ ယင်းအတွက်န အိုး အသျှင်၊ ကိုယ်တော်၏ ထာဝရဘုရားစာ ကိုယ်တော်ကို ဝမ်းသာခြင်း ပီးလီပါရေ။ ကိုယ်တော်၏ အဖက်သားရို့ကိုထက်ပင် ကိုယ်တော်ကို အများကြီး ဝမ်းသာခြင်း ပီးလီပါရေ။”

10 ထာဝရဘုရားစာ အရာလည်း ပြောလီရေ၊ “အိုး အသျှင်၊ ကိုယ်တော် ပထမဆုံးခါ ဒေ ကမ္ဘာကို ဖန်ဆင်းလီပါရေ၊ အရာ ကိုယ်တော် ကိုယ့်အလက်န မဟာဂေါင်းခင်ကိုလည်း ဖန်ဆင်းလီပါရေ။

11 တစ်ရက်နိ ယင်းသျှင့်တိ ပျက်စီးခြင်းတို့ ရောက်ပါလိမည်၊ ယေကေလည်း ကိုယ်တော်စာ ထာဝရပတ်လုံး တည်မြဲပါလိမည်။ ကမ္ဘာန မဟာဂေါင်းခင်စာ ကွယ်ပျောက်ပါလိမည်၊ အရာ ယင်းသျှင့်တိစာ အဝတ်ပိုင် ဟောင်းလားပါလိမည်။

12 ကိုယ်တော် ယင်းသျှင့်တိကို အဝတ်ကိုပိုင် လိပ်ရို့ ထားပါလိမည်၊ အရာ ယင်းသျှင့်တိစာ အဝတ်ပိုင် ပြောင်းလှဲလားပါလိမည်။ ယေကေလည်း ကိုယ်တော် အမြဲတိုင်း တစ်ပုံဇံတည်း ဟိပါလိမည်၊ အရာ ကိုယ်တော်၏ အသက်စာ တစ်ခါလည်း ကုန်ဆုံးလိမည် မဟုတ်ပါ။”

13 ထာဝရဘုရားစာ တစ်ခါပင် ဂေါင်းခင်နတ်သား တစ်ပါးကိုလည်း ဒေပိုင် မပြောလီသိ၊ “ငါ နင့် ရန်သူရို့ကို နင့် တန်ခိုးအောက်မာ မထားသကြား နင် ငါ့ညာဖက်က ထိုင်နီ။”

14 ထို ဟိသမျ ဂေါင်းခင်နတ်သားရို့စာ ထာဝရဘုရားကို ဝတ်ပြုနီကတ်စာ ဝိညာဉ် ဖြစ်တေ။ ကယ်တင်ခြင်း ရသူရို့ကို ကူညီမစားဖို့အတွက် ထာဝရဘုရားစာ သူရို့ကို ရွှတ်လိုက်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Volg ons:



Advertensies