Aanlyn Bybel

- Advertensies -


২ যোহন 1 - Marma


နှုတ်ဆက်ခြင်း

1 ငါ အသင်းတော် ဂေါင်းဆောင်အကြီး တစ်ယောက် ဖြစ်တေ။ ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရစာ မိန်းမန သူ့သားသမီးရို့တို့ ငါ ဒေ စာစောင်ကို ရွီးလိုက်တေ။ ငါစာ ထာဝရဘုရား၏ မှန်ကန်ခြင်းတရားကို သိရေအတွက်န နင်ရို့ အားကုံးသူကို ချစ်တေ။ ယေကေလည်း ငါ နူးချင်းတည်း နင်ရို့ကို ချစ်စာ မဟုတ်သိ၊ ထာဝရဘုရား၏ မှန်ကန်ခြင်းတရားကို သိသူရို့ အားကုံးသူလည်း နင်ရို့ကို ချစ်ကတ်တေ။

2 အကြောင်းကား ထိုမှန်ကန်ခြင်းစာ ငါရို့ စိတ်နှလုံးမာ ဟိရေအတွက်န ငါရို့စာ နင်ရို့ကို ချစ်ကတ်စာ ဖြစ်တေ အရာ ထိုမှန်ကန်ခြင်းစာ ထာဝရပတ်လုံး ငါရို့နအတူ ဟိဖို့။

3 ငါရို့ မှန်ကန်ခြင်းန ချစ်ခြင်းမေတ္တာမာ နီသူရို့စာ ကျေးဇူးတော်၊ ကရုဏာတော် အရာ ငြိမ်းချမ်းခြင်းကို အဖထာဝရဘုရားန သားတော် ယေရှုခရစ်တော်က ရကတ်ဖို့။


မှန်ကန်ခြင်းန ချစ်ခြင်းမေတ္တာ

4 ငါရို့ မှန်ကန်ခြင်းလမ်းမာ လားဖို့အတွက် အဖက ပညှတ်ချက်ကို ရလီကတ်တေ။ ထိုပညှတ်ချက်အတိုင်း ဒေဂု နင့်မာ သားသမီး လိုင်းကေယောက် မှန်ကန်ခြင်းလမ်းမာ လားနီကတ်တေ။ ငါ ယင်းသျှင့်ကို မြင်ရို့ ကောင်းကောင်း ဝမ်းသာရေ။

5 ချစ်ခင်စာ နမှ၊ ငါ နင့်ကို တောင်းပန်ချင်စာကား၊ ငါရို့ တစ်ယောက်ကို တစ်ယောက် ချစ်ကတ်ရဖို့။ ငါ နင်ရို့တို့ ပညှတ်ချက်အသစ်ကို ရွီးလိုက်စာ မဟုတ်။ ယေကေလည်း ဒေ ပညှတ်ချက်ကို ပထမဆုံးကပင် ငါရို့ ကြားရကတ်ပျာ။

6 ယင်းအတွက်န နင်ရို့ ပထမဆုံးကပင် ပညှတ်ချက်ကို ကြားရကတ်တေအတိုင်း ချစ်ခြင်းမေတ္တာမာ နီထိုင်ကတ်၊ အကြောင်းကား ထိုချစ်ခြင်းမေတ္တာ အဓိပ္ပါယ်စာ ထာဝရဘုရား၏ ပညှတ်ချက်ကို လိုက်နာခြင်း ဖြစ်တေ။


အယောင်ဆောင် ဆရာရို့ကို ရှောင်ဖို့စာ အကြောင်း

7 ဒေ လောကမာ လိမ်စားသူ အများကြီး ရောက်နီကတ်ပျာ။ သူရို့စာ ယေရှုခရစ်တော် လူ့ဇာတိအဖြစ် ခံယူရို့ ကြွလာလီရေဆိုစာကို ငြင်းကတ်တေ။ ယင်းပိုင်ဇတ် လူရို့စာ အယောင်ဆောင် ဆရာန ခရစ်တော်၏ ရန်သူ ဖြစ်ကတ်တေ။

8 နင်ရို့စာ ကိုယ့်ရို့ကို သတိထားကတ်။ ယင်းပိုင်ဆိုကေ နင်ရို့ ကြိုးစားအားထုတ်ခြင်း၏ အကျိုးတိ မပျောက်ဆုံးဘိုင်းန အပြည့်အစုံ ဆုကို နင်ရို့ ရကတ်လိမည်။

9 လူတစ်ယောက်စာ သက်သက် ခရစ်တော်၏ သွန်သင်ချက်တိကိုရာ လိုက်နာဖို့ သင့်ရေ၊ အကြောင်းကား ခရစ်တော်၏ သွန်သင်ချက်တိကို လိုက်နာသူစာ အဖန သားတော်ကို ရရေ။ ယေကေလည်း အသူမဆို ခရစ်တော်၏ သွန်သင်ချက်တိကို ပြောင်းလှဲရေဆိုကေ သူစာ အဖထာဝရဘုရားန အဆက်သွေ မဟိ။

10 ယင်းအတွက်န အသူမဆို ခရစ်တော်၏ သွန်သင်ချက် မပါဘိုင်းန နင်ရို့တို့ လာရေဆိုကေ သူ့ကို နင်ရို့ အိမ်တင် မခံလီကတ်ကေ့ အရာ နှုတ်လည်းမဆက်လီကတ်ကေ့၊

11 အကြောင်းကား သူ့ကို အိမ်တင်ခံသူစာ သူလုပ်စာ မကောင်းစာ အလုပ်မာ ပါဝင်စာနတူရေ။

12 ငါ့မာ နင်ရို့ကို စကားပြောစရာ အရာလည်း အများကြီး ဟိသိရေ၊ ယေကေလည်း ငါ စက္ကူမာ ရွီးရို့ မပြောချင်။ ယင်းထက်ပင် ငါ နင်ရို့တို့ လာရို့ နင်ရို့န ရှိဆိုင်ထိုင်ပြီးကေ စကား ပြောဖို့ ဟို့ ငါ မျော်လင်းရို့ ဟိရေ။ ယင်းခါရာ ငါရို့မာ ပျော်ပါးခြင်း ပြည့်စုံဖို့။

13 ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရကတ်စာ နင့် ညီမ သားသမီးရို့ နင့်ကို နှုတ်ဆက်ကတ်တေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Volg ons:



Advertensies