Aanlyn Bybel

- Advertensies -


১ পিতর 1 - Marma


နှုတ်ဆက်ခြင်း

1 ငါ ပေတရု၊ ငါစာ ယေရှုခရစ်တော်၏ တမန်တော် တစ်ယောက် ဖြစ်တေ။ ထာဝရဘုရား ရွီးကောက်ရို့ ထားသူရို့စာ ကွဲကြင်းလားခပြီးကေ ပုန္တုပြည်နယ်၊ ဂါလာတိပြည်နယ်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နယ် အရာ ဗိသုနိပြည်နယ်မာ အခြားပြည်သားအဖြစ် နီထိုင်ရို့ ဟိကတ်တေ။ နင်ရို့ အားကုံးသူတို့ ငါ ဒေ စာစောင်ကို ရွီးလိုက်တေ။

2 အဖထာဝရဘုရားစာ ကိုယ့်ရွယ်မှတ်ချက်န နှစ်ပေါင်းများစွာ အယင်က နင်ရို့ကို ရွီးကောက်ယူလီရေ။ အရာ သန့်ရှင်းသောဝိညာဉ်တော်စာ နင်ရို့ကို သန့်ရှင်းသူအဖြစ် အခြားခွဲရို့ ထားလီရေ၊ အကြောင်းကား ထာဝရဘုရားစာ နင်ရို့ကို ယေရှုခရစ်တော်၏ စကားတော်ကို လိုက်နာစီချင်ရေ အရာ ယေရှုခရစ်တော် သွီးန နင်ရို့ကို သန့်စင်စီချင်ရေ။ ထာဝရဘုရား နင်ရို့ကို အများကြီး ကျေးဇူးတော်န ငြိမ်းချမ်းခြင်း ပီးပါစီ။


ဘဝအသစ်ကို ရဖို့အတွက် မျှော်လင်းနီခြင်း

3 ယေရှုခရစ်တော်စာ ငါရို့မာ အသျှင် ဖြစ်တေ။ သူ့မာ အဖထာဝရဘုရား ချီမွမ်းခြင်းန ပြည့်စုံပါစီ။ ထာဝရဘုရားစာ ကိုယ့်မာ ကြီးကျယ်စာ သနားကြင်နာခြင်း အကြောင်းန ယေရှုခရစ်တော်ကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ အရာ သူစာ ငါရို့ကို ဘဝအသစ်တစ်ခု ပီးလီရေ။ ထိုဘဝအသစ်စာ ငါရို့အတွက် မျှော်လင်းချက်တစ်ခု ယူလာရေ။

4 ထာဝရဘုရား ကိုယ့်သားသမီးရို့အတွက် ဂေါင်းခင်ဘုံမာ ပဿိကို စုဆောင်းရို့ ထားဗျာ။ ထိုပဿိကို ရဖို့အတွက် ငါရို့ မျှော်လင်းရို့ နီကတ်တေ။ ထိုပဿိစာ တစ်ခါလည်း ပျက်ဆုံးလိမည် မဟုတ် အရာ တစ်ခါလည်း အရောင် ပျက်လိမည် မဟုတ်။ ယင်းထက်ပင် ထာဝရပတ်လုံး အသစ် ဟိလိမည်။

5 နင်ရို့ ထာဝရဘုရားကို ကျုံကတ်ပျာ။ ယင်းအတွက်န နင်ရို့မာ အပြည့်အစုံ ကယ်တင်ခြင်း မရသကြား ထာဝရဘုရားစာ ကိုယ့်တန်ခိုးန နင်ရို့ကို ကာကွယ်စောင့်သျှောက်ရို့ ထားဗျာ။ ထိုကယ်တင်ခြင်းကို နောက်ဆုံးနိမာ နင်ရို့ကို ပီးဖို့အတွက် ထာဝရဘုရား အဆင်သင့် လုပ်ထားဗျာ။

6 ဟုတ်တေ၊ နင်ရို့ ဒေဂု တစ်နားသျှေအတွက် အမျိုးမျိုး စုံစမ်းခြင်းကို ခံရပြီးကေ ဒုက္ခ-ဝေဒနာကို ခံရနီကတ်တေ၊ ယေကေလည်း ထိုကယ်တင်ခြင်း၏ မျှော်လင်းချက်စာ နင်ရို့ကို ပျော်ပါးခြင်း ပီးရေ။

7 ထိုဒုက္ခ-ဝေဒနာတိကို ခံရစာအကြောင်းကား နင်ရို့မာ ကျုံခြင်းတရားစာ စင်ကြယ်လော မစင်ကြယ်လောဆိုစာကို စမ်းသတ်ရို့ ကြည့်စာ ဖြစ်တေ။ ပွန်းလားဖို့စာ ရွှေကိုတိုင်အောင်ပင် မီးန စမ်းသတ်ရို့ ကြည့်ရရေ။ ယေကေလည်း နင်ရို့မာ ကျုံခြင်းတရားကား ထိုရွှေထက် ပိုရို့ တန်ဖိုး ဟိရေ။ ယင်းအတွက်န နင်ရို့မာ ကျုံခြင်းတရား စင်ကြယ်ဖို့အတွက် နင်ရို့ အရာလည်း ပိုရို့ စုံစမ်းခြင်းကို ခံယူဖို့ သင့်ကတ်တေ။ နင်ရို့မာ ကျုံခြင်းတရား စင်ကြယ်ရေဆိုကေ ယေရှုခရစ်တော် ပြန်ရို့ ကြွလာရေခါ နင်ရို့စာ ချီမွမ်းခြင်း၊ ဘုန်းတန်ခိုး အရာ ရိုသေခြင်းကို ရကတ်လိမည်။

8 နင်ရို့စာ ခရစ်တော်ကို မမြင်ဖူးကတ်ကေလည်း သူ့ကို ချစ်ကတ်တေ။ နင်ရို့ ဒေဂု သူ့ကို မမြင်ရကတ်ကေလည်း ကျုံကတ်တေ အရာ နင်ရို့ ဖွင့်ပြဖို့ မနိုင်စာ ပျော်ပါးခြင်းန ပြည့်စုံနီကတ်တေ။ ထိုပျော်ပါးခြင်းစာ ကောင်းကောင်း ကြီးမြတ်စာ ဘုန်းတန်ခိုးန ပြည့်စုံရေ။

9 အရာ နင်ရို့စာ ခရစ်တော်ကို ကျုံကတ်တေအတွက်န နင်ရို့မာ ဝိညာဉ်၏ အသက်စာ ကယ်တင်ခြင်းကို ရဖို့ဗျာ။

10-11 ထိုကယ်တင်ခြင်း အကြောင်းကို နှစ်ပေါင်းများစွာ အယင်က သန့်ရှင်းသောဝိညာဉ်တော်စာ ဘုရားသတင်းပို့သူရို့ကနီရို့ ပြောလီရေ၊ “ခရစ်တော်နာမည်န လူတစ်ယောက်စာ ဒုက္ခ-ဝေဒနာကို ခံရလိမည်။ ယင်းနောက် သူစာ ဘုန်းတန်ခိုးကို ရလိမည်။” ထိုဘုရားသတင်းပို့သူရို့စာ ခရစ်တော် ဇာအချိန်မာ ကြွလာဖို့လည်းဆိုစာကို သိချင်လီကတ်တေ အရာ ခရစ်တော် ကြွလာရေခါ ဒေ ကမ္ဘာ ဇာပိုင် ဖြစ်ဖို့လည်းဆိုစာကို သိချင်လီကတ်တေ။ ယင်းအတွက်န သူရို့စာ ကောင်းကောင်း အရေးစိုက်ရို့ ကျမ်းစာမာ ရှာကြည့်လီကတ်တေ အရာ ကောင်းကောင်း ကြိုးစားအားထုတ်ရို့ ဖတ်နီလီကတ်တေ။

12 ယေကေလည်း ထိုဘုရားသတင်းပို့သူရို့ အလုပ်တိစာ ကိုယ်ရို့အတွက် မဟုတ်၊ နင်ရို့အတွက် ဖြစ်တေဆိုစာကို ထာဝရဘုရားစာ သူရို့ကို ပြောပြလီရေ။ ဒေဂု ခရစ်တော်၏ သတင်းကောင်းကို ဟောပြောသူရို့စာ ဘုရားသတင်းပို့သူရို့ ပြောခစာ အကြောင်းတိကို နင်ရို့ဘားမာ ပြောပြကတ်ပျာ။ သူရို့စာ ဂေါင်းခင်ဘုံက ရွှတ်လိုက်စာ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးန ဘုရားသတင်းပို့သူရို့ ပြောခစာ အကြောင်းတိကို ဟောပြောလီကတ်တေ။ ထိုအကြောင်းတိ ကောင်းကောင်း ကြီးမြတ်တေ။ ယင်းအတွက်န ဂေါင်းခင်နတ်သားရို့လည်း ထိုအကြောင်းတိကို သိချင်လီကတ်တေ။


နင်ရို့ ထာဝရဘုရားပိုင် သန့်ရှင်းကတ်

13 ယေရှုခရစ်တော် ပြန်ရို့ ကြွလာရေခါ နင်ရို့ ကယ်တင်ခြင်းကို ရကတ်ဖို့အတွက် နင်ရို့မာ စိတ်ကို အဆင်သင့် လုပ်ထားကတ် အရာ ကိုယ်ရို့ကို ထိန်းသိမ်းရို့ ထားကတ်။ ထိုကယ်တင်ခြင်းကို ရဖို့အတွက် နင်ရို့ အဆုံးတိုင်အောင် မျှော်လင်းရို့ စောင့်နီကတ်။

14 နင်ရို့ အယင်ခါ ထာဝရဘုရားကို မသိလီကတ်၊ ယေကေလည်း နင်ရို့ ဒေဂု ထာဝရဘုရားကို သိရို့ သူ၏ စကားတော်ကို နာခံမှုဟိစာ သားသမီး ဖြစ်ကတ်ပျာ။ ယင်းအတွက်န နင်ရို့ အယင်ခါ ဆိုးယုတ်စာ အလိုဆန္ဒအတိုင်း နီထိုင်လီကတ်စာပိုင် အရာ မနီထိုင်ကတ်ကေ့ဖိ၊

15 ကိုယ့်သားသမီး ဖြစ်ဖို့အတွက် နင်ရို့ကို ခေါ်လီစာ ထာဝရဘုရားစာ သန့်ရှင်းသူတစ်ပါး ဖြစ်တေ။ ယင်းပိုင်တထန် နင်ရို့လည်း ဟိသမျ အလုပ်မာ သန့်ရှင်းကတ်၊

16 အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ငါ သန့်ရှင်းစာပိုင် နင်ရို့လည်း သန့်ရှင်းကတ်ရဖို့။”

17 မှတ်ထားကတ်၊ ထာဝရဘုရားစာ လူရို့မာ ဟိသမျ အလုပ်ကို တရားသဖြင့် စစ်ဆေးရေ။ သူစာ လူမျက်နှာကို ကြည့်ရို့ တရားမစစ်ဆေး။ နင်ရို့စာ ထိုထာဝရဘုရားကို အဖ ဟို့ ခေါ်ရို့ ဆုတောင်းကတ်တေ။ ယင်းအတွက်န နင်ရို့စာ ဒေ ကမ္ဘာမာ အခြားပြည်သားအဖြစ် ဟိသရိကာလပတ်လုံး ထာဝရဘုရားကို ကြောက်လန့်ခြင်းန ရိုသေခြင်းကို ထားရို့ နီထိုင်ကတ်။

18 အယင်ခါ နင်ရို့စာ နင်ရို့မာ အဖိုးအဖီးအစိုင်လာရို့ ပီးခစာ ထုံးစဉ်တိကို လိုက်နာရို့ နီထိုင်လီကတ်တေ၊ ယေကေလည်း ထိုထုံးစဉ်တိစာ မန်ကန်စာ အသက်ကို ရဖို့အတွက် နင်ရို့ကို တစ်ခုလည်း အကျိုး မပီးလီ။ ယင်းအတွက်န ထာဝရဘုရားစာ ထိုထုံးစဉ်တိက နင်ရို့ကို ချွတ်လီရေ။ ယေကေလည်း ပွန်းလားဖို့စာ ရွှေ-ငွေန ထိုထုံးစဉ်တိက နင်ရို့ကို ချွတ်လီစာ မဟုတ်ဆိုစာကို နင်ရို့ သိကတ်တေ။

19 ယင်းထက်ပင် ယေရှုခရစ်တော်၏ တန်ဖိုးဟိစာ သွီးန ထာဝရဘုရား နင်ရို့ကို ချွတ်လီစာ ဖြစ်တေ။ ထိုယေရှုစာ အပြစ်နကင်းသူ အရာ အနာအဆာမဟိစာ သိုးဆိတ်သျှေ ဖြစ်တေ။

20 နင်ရို့ကို ချွတ်ဖို့အတွက် ကမ္ဘာကို မဖန်ဆင်းခင် အယင်ကပင် ထာဝရဘုရားစာ ယေရှုခရစ်တော်ကို ရွီးကောက်ယူလီရေ။ ယေကေလည်း ဒေ နောက်ဆုံးကာလမာရာ ထာဝရဘုရားစာ နင်ရို့ ကောင်းကျိုးရေးအတွက် ခရစ်တော်ကို ဖေါ်ပြလီရေ။

21 ထာဝရဘုရားစာ ယေရှုခရစ်တော်ကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ အရာ သူ့ကို ဘုန်းတန်ခိုး ပီးလီရေ။ နင်ရို့ ခရစ်တော်ကနီရို့ရာ ထာဝရဘုရားကို ကျုံကတ်လီရေ။ ယင်းအတွက်န နင်ရို့မာ ကျုံခြင်းတရားန မျှော်လင်းချက်စာ ထာဝရဘုရားဘားမာ ဟိရေ။

22 ဒေဂု နင်ရို့စာ မှန်ကန်ခြင်းကို လက်ခံရို့ ကိုယ်ရို့ စိတ်နှလုံးကို စင်ကြယ်အောင် လုပ်ကတ်ပျာ။ ယင်းအတွက်န နင်ရို့စာ ကျုံသူညီအစ်ကိုမောင်နမှရို့ကို ကောင်းကောင်း ချစ်ကတ်ပျာ။ အရာ နင်ရို့ ဒေဂု ယင်းပိုင် တစ်ယောက်ကို တစ်ယောက် စိတ်နှလုံးထဲကပင် စွဲရို့ ချစ်ကတ်။

23 အကြောင်းကား ထာဝရဘုရား၏ စကားတော် တန်ခိုးအကြောင်းန နင်ရို့ ဒုတိယ မွီးဖွားခြင်းကို ခံရကတ်ပျာ။ ထိုမွီးဖွားခြင်းစာ ဝိညာဉ်၏ မွီးဖွားခြင်း ဖြစ်တေ။ ထိုမွီးဖွားခြင်းကို ခံရသူရို့ တစ်ခါလည်း မသီကတ်ပျာ၊ အကြောင်းကား ထိုမွီးဖွားခြင်းစာ သီခြင်းနကင်းစာ ထာဝရဘုရားက လာစာ ဖြစ်တေ။ အရာ ထာဝရဘုရား၏ စကားတော်စာ ထာဝရပတ်လုံး အသက်ရှင်နီရေ။

24 ယင်းအတွက်န ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ဟိသမျ လူရို့စာ မြက်နတူကတ်တေ၊ အရာ သူရို့မာ လှပခြင်းစာ မြက်အပွင့်နတူကတ်တေ။ မြက်စာ ခြောက်လားခရေ၊ အရာ အပွင့်လည်း ကြွီကျလားခရေ။

25 ယေကေလည်း အသျှင်၏ စကားတော်စာ ထာဝရပတ်လုံး တည်မြဲနီရေ။” ဒေ စကားတော်စာ သတင်းကောင်း ဖြစ်တေ အရာ ဒေ သတင်းကောင်းကို နင်ရို့ ကြားဖူးကတ်ပျာ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Volg ons:



Advertensies